ပဲအမျိုးမျိုးအား ပြည်တွင်းဖြန့်ဖြူးရောင်းချ
ရုံသာမက နိုင်ငံခြားသို့ တင်ပို့ရောင်းချခြင်း
များအားဈေးနှုန်းမှန်ကန်စွာဖြင့် လူကြီးမင်း
များထံအရောက် ဆောင်ရွက်ပေးနေပါသည်။
၂၀၀၅ ခုနှစ်တွင် ရွှေလင်ဗန်းစက်မှုဇုံ၌စက်ရုံ နှင့်
ဂိုထောင်စတင်တည်ဆောက်ခဲ့ပြီးလုပ်ငန်းလုပ်
ကိုင်နေသည်မှာ ၁၁ နှစ်ခန့်ရှိပြီဖြစ်သည်။
ပဲအမျိုးမျိုးအား ပြည်တွင်းမှ ဝယ်ယူ၍
မြတ်မေတ္တာမွန် ကုမ္ပဏီ ပဲသန့်စင် စက်ရုံတွင်
သန့်စင်ကာ အရည်အသွေးပြည့်ဝသော
ပဲများအား ထုတ်လုပ်ရောင်းချပေးနေပါသည်။
နိုင်ငံတကာအဆင့်မှီခေတ်မှီစက်ကိရိယာများကို
အသုံးပြု၍ကျွမ်းကျင်သောအလုပ်သမားများမှ
စနစ်တကျ ထုတ်လုပ်ရောင်းချပေးနေပါသည်။
အရည်အသွးအားဖြင့်လည်း နိုင်ငံတကာအဆင့်အတန်းမှီ
သန့်စင်သောပဲများအားထုတ်လုပ်ရောင်းချပေးနေသောကြောင့်
စားသုံးသူများအနေဖြင့် ယုံကြည်စိတ်ချစွာဝယ်ယူနိုင်ပါသည်။